ငလျင်ဒဏ်ခံရပါက ပြည်သူများ ပြုမူ ဆောင်ရွက်သင့်သည်များနှင့် အရေးပေါ် အဆက်အသွယ်များ

2016-08-25 16:32:36 |သတင်းအရင်းအမြစ် 新华网

ရန်ကုန် ၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

မြေငလျင် လှုပ်ခတ်မှုဒဏ် ကြုံတွေ့ ရပါက ပြုမူဆောင်ရွက်သင့်သည့် အချက်များနှင့် အရေးပေါ်ဆက်သွယ်နိုင်သည့် တယ်လီဖုန်း နံပါတ်များအား ပြန်လည် ဖော်ပြအပ်ပါသည်။

ပြည်သူများအနေဖြင့် မည်သည့် အချိန်တွင် ငလျင်လှုပ်ခတ်မည်ကို ခန့် မှန်း၍ မရနိုင်သည့်အတွက် ကြိုတင် ပြင်ဆင်မှုများ သေချာစွာ ဆောင်ရွက်သင့်ကြောင်း ၊ ငလျင်ဒဏ် ခံရပါက ဘေးအန္တရာယ် ရှိမည်မှာ အဆောက်အအုံ ပြိုကျခြင်းမျိုး ဖြစ်ခြင်းထက် အမြင့်တွင် ရှိသည့် ပစ္စည်းများ ပြုတ်ကျခြင်းသည် ပိုမို အန္တရာယ် ရှိကြောင်း ၊ နေအိမ် ၊ တိုက်ခန်းများတွင် အသုံးအဆောင် ပစ္စည်းများ ဖြစ်သည့် Air Con ၊ ဗီဒိုများ ၊ မီးဆိုင်းများ အနီးတစ်ဝိုက် အိပ်စက် နေထိုင်ခြင်းများ သတိပြုရန် လိုအပ်ကြောင်း ၊ ငလျင်လှုပ်ခတ်နေပါက နေအိမ်အတွင်းမှ ရုတ်တရက် ပြေးထွက်/ဝင်ခြင်းများ မပြုလုပ်ဘဲ မိမိနေရာတွင် ငလျင်ဒဏ် သက်သာမည့် နေရာအား ကြိုတင်ကြည့်ရှုထားသင့်ကြောင်း သတိပြုသင့်သည့် အချက်များအား မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြေငလျင်နှင့် ပတ်သက်၍ အရေးပေါ် ဆက်သွယ် အကူအညီများ သိရှိရယူလိုပါက 
မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန 
မြေငလျင်ဌာနခွဲ (နေပြည်တော်)                                       ၀၆၇-၄၁၁၂၆၄ ၊ ၀၆၇-၄၁၁၂၅
မြန်မာနိုင်ငံကြက်ခြေနီအသင်း (ရန်ကုန်ရုံးခွဲ)                        ၀၁-၃၉၂၀၂၈၊ ၃၉၂၀၂၉ 
မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ (အရေးပေါ်)                             ၁၉၁
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ (အရေးပေါ်)                                      ၁၉၉
လူနာတင်ယာဉ် (အရေးပေါ်)                                           ၁၉၂ 
ရန်ကုန်ပြည်သူ့ ဆေးရုံကြီး                                              ၀၁-၂၅၆၁၁၂ 
များသို့ လည်းကောင်း စုံစမ်းမေးမြန်း၍ အကူအညီများ ရယူနိုင်ကြောင်း သိရသည်။ (Xinhua)