ဂျပန်ဝန်ကြီးချုပ်နှင့် ဝမ်ယိ တွေ့ဆုံ

2016-08-26 11:26:30 |သတင်းအရင်းအမြစ် 国际在线

၂၄ရက်နေ့က ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးသည် အဌမအကြိမ်မြောက် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ကြသော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကီရှီဒါ၊ တောင် ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီး ယုံပြုံစေတို့နှင့် တွေ့ဆုံခဲ့ကြကြောင်း၊ စီအာအိုင်သတင်း အရ သိရပါသည်။

ဂျပန်၊ တရုတ်၊ တောင်ကိုးရီးယား ၃နိုင်ငံတို့အနေနှင့် ယခုအကြိမ် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၏အောင်ကျိုးရလပ်ကို ကောင်းမွန်စွာ ဖော်ဆောင်ပြီး ယခုနှစ်အတွင်း ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ကျင်းပရန်အတွက် တက်ကြွစွာ ပြင်ဆင်ကာ နှစ်ဖက်ဆက်ဆံမှုကို ကောင်းမွန်အောင် ဆောင်ရွက်၍ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေး ရန် မျှော်လင့်ကြောင်း၊ ရှင်ဇို အာဘေးက ပြောပါသည်။