ရခိုင် ပြဿနာ ကူညီဖြေရှင်းပေးရန် မြန်မာသည် အန်နန်အား ဖိတ်ကြားမည်

2016-08-26 15:09:21 |သတင်းအရင်းအမြစ် 国际在线

မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာနက၊ မြန်မာအစိုးရသည် ရခိုင် ပြည်နယ် ရေးရာ အတိုင်ပင်ခံကော်မတီကို ဖွဲ့စည်းတည်ထောင်မည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း အန်နန်အား ရခိုင်ပြည်နယ် ပြည်သူများ အချင်းပွါးမှု ပြဿနာကို ကူညီ ဖြေရှင်းပေးရန် ဖိတ်ကြားမည် ဖြစ်ကြောင်း ၂၄ ရက်နေ့က ဖေါ်ပြသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာနမှ ပြန်တမ်းတစ်ရပ်တွင်၊ ရခိုင် ပြဿနာကို ရေရှည် ဖြေရှင်းရန် နည်းလမ်းကို ရှာကြံဖို့အတွက် ဝန်ကြီးဌာနသည် အန်နန်က ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်သော ကော်ဖီ အန်နန် ရန်ပုံငွေအဖွဲ့နှင့် နားလည်မှု စာချွန်လွှာ တစ်ရပ်ကို ချုပ်ဆိုမည် ဖြစ်ပြီး အဖွဲ့ဝင် ၉ ဦး ပါဝင်သော ရခိုင်ပြည်နယ်ရေးရာ အတိုင်ပင်ခံ ကော်မတီကို ဖွဲ့စည်းတည်ထောင်မည် ဖြစ်ကြောင်း၊ ယင်းကော်မတီသည် အချင်းပွါးမှု ကြိုတင်ကာကွယ်ရေး၊ လူသားချင်း စာနာထောက်ထားမှု ထောက်ပံ့ကူညီရေး၊ အခွင့်အရေး ထိန်းသိမ်းမှုနှင့် ကြေအေးရေး၊ ရုံးဌာန ထားရှိရေးနှင့် ဖွံ့ဖြိုးမှု တိုးမြှင့်ရေး နယ်ပယ်များ၌ အကဲဖြတ်မှုများကို ပြုလုပ်ပြီး မြန်မာ အစိုးရအား နောက်ဆုံး စုံစမ်းစစ်ဆေးမှုရလဒ်နှင့် အချင်းပွါးမှု ဖြေရှင်းရေး အဆိုပြုချက်ကို တင်သွင်းမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။