တရုတ် ကူမင်းမြို့ ရှေ့နေများအသင်း အရှေ့တောင် အာရှနှင့် တောင်အာရှ ဥပဒေရေးရာကော်မတီမှ သတင်းအရ ယူနန် ဝေကျန်ရှေ့နေဌာန မြန်မာဌာနခွဲ အမှတ်(၁)သည် MIC ၏ခွင့်ပြုချက်အရ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော လိုင်စင်ကို ရရှိပြီဖြစ်ကြောင်း၊ ယင်းဌာနသည် တရုတ်-မြန်မာနှစ်နိုင်ငံမှ လုပ်ငန်း ကုမ္ပဏီများ၊ လုပ်သူများအတွက် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဥပဒေများဆိုင်ရာ အကြံပေး မှုနှင့် မြန်မာဥပဒေစာတမ်းများ ဘာသာပြန်မှု စသည့် ဝမ်ဆောင်မှုများကို ပေးမည်ဖြစ်ကြောင်း တရုတ်သတင်း ဌာနက ရေးသားသည်။