ယမန်နေ့ ၂၄ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လူ့ခန်းက ဂျီ -၂၀ ခေါင်းဆောင်များ ၁၁ ကြိမ်မြောက်ထိပ်သီးအစည်းအဝေးကို စက်တင်ဘာ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ တရုတ်နိုင်ငံ ကျက်ကျန်းပြည်နယ် ဟန်ကျိုးမြို့၌ ကျင်းပမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ အာဂျင်တီးနားသမ္မတ၊ ပရာဇီးနိုင်ငံတော်ခေါင်းဆောင်၊ ပြင်သစ်နိုင်ငံသမ္မတ၊ အင်ဒိုနီးရှားသမ္မတ၊ တောင်ကိုးရီးယားသမ္မတ၊ မက္ကဆီကိုသမ္မတ၊ ရုရှားသမ္မတ၊ တောင်အာဖရိကသမ္မတ၊ တူရကီသမ္မတ၊ အမေရိကန်သမ္မတ၊ သြစတြေးလျသမ္မတ၊ ကနေဒါဝန်ကြီးချုပ်၊ ဂျာမဏီဝန်ကြီးချုပ်၊ အိန္ဒိယဝန်ကြီးချုပ်၊ အီတလီဝန်ကြီးချုပ်၊ ဂျပန်ဝန်ကြီးချုပ်၊ ဗြိတိန်ဝန်ကြီးချုပ်၊ လာအိုနိုင်ငံဥက္ကဋ္ဌ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် စသည်တို့ အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း ကြေညာသည်။