ရန်ကုန် ၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ)
ကမ္ဘာ့ အလှမယ် ပြိုင်ပွဲ ၆ ခုအတွက် မြန်မာနိုင်ငံ ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည့် အလှမယ် ၆ ဦးအား Miss Golden Land Myanmar 2016 ပြိုင်ပွဲတွင် တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီး ကိုယ်စားပြု အလှမယ်များအနက်မှ ရွေးချယ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ၆ ဦး အဖြစ် Miss Earth Myanmar 2016 ဆုကို နန်းခိုင် ရွှေဝါဝင်း (ကရင်ပြည်နယ်)က လည်းကောင်း ၊ Miss Supranational Myanmar 2016 ဆုကို ဆွေဇင်ထက် (နေပြည်တော်) က လည်းကောင်း၊ Miss Face of beauty Myanmar 2016 ဆုကို ခြူးသိမ့်မြတ်နိုး(တနင်္သာရီ တိုင်းဒေသကြီး) က လည်းကောင်း ၊ Miss Intercontinental Myanmar 2016 ဆုကို နီနီနိုင်ဝင်း (မကွေးတိုင်း ဒေသကြီး) က လည်းကောင်း၊ Miss Tourism World Myanmar 2016 ဆုကို ခက်ခက်ဇာ(ရှမ်းပြည်နယ် တောင်ပိုင်း) ကလည်းကောင်း၊ Miss Globe Myanmar 2016 ဆုကို မြတ်အိဒြေ္ဒထက် (ရန်ကုန်မြောက်ပိုင်း) က လည်းကောင်း Miss Golden Land Myanmar 2016 ပြိုင်ပွဲတွင် ရွေးချယ်ခဲ့ကြောင်း သိရသည်။
Miss Golden Land Myanmar 2016 ပြိုင်ပွဲကို သြဂုတ်လ ၂၅ ရက်တွင် ရန်ကုန်မြို့ မင်ဓမ္မလမ်းရှိ MCC ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး နောက်ဆုံးအဆင့်အနေဖြင့် ပြိုင်ပွဲဝင် အလှမယ်များမှ ရေကူးဝတ်စုံများ၊ ညနေခင်းဝတ်စုံများဖြင့် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။(Xinhua)