ဂျီ-၂၀အတွင်း တရုတ်ပြည် သံတမန်လှုပ်ရှားမှုများမည်ဟု ဝမ်ယိဆို

2016-08-29 16:02:03 |သတင်းအရင်းအမြစ် 国际在线

၂၅ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ပီကင်းမြို့၌ အလည်အပတ်ရောက်ရှိနေသော အယ်လ်ဘေးနီးယားနိုင်ငံခြားရေးဝန်ကြီး ဘူဆာဒီနှင့်အတူ သတင်းထောက်များနှင့်တွေ့ဆုံရာတွင် တရုတ်နိုင်ငံသည် ဂျီ-၂၀ထိပ်သီးအစည်းအဝေးကို ကြီးမှူးကျင်းပမည်ဖြစ်ပြီး အရေးကြီးသော ဒေသတွင်းနှင့် နိုင်ငံတကာဆိုင်ရာ သံတမန်လှုပ်ရှားမှုများတွင် ပါဝင်မည်ဖြစ်ကြောင်းပြောကြားသည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။