ဂျီ-၂၀ တရုတ်ပြည်၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဆိုပြုချက်ကို အများ အာရုံ စိုက်

2016-08-29 16:11:30 |သတင်းအရင်းအမြစ် 国际在线

ဂျီ-၂၀ အုပ်စုသည် ၂၀၀၉ ပစ်ဇဘတ် ထိပ်သီးအစည်းအဝေးတွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ပြဿနာကို စတင် ဆွေးနွေးပြီး ၂၀၁၀ ပြည့်နှစ် တိုရွန်တို ထိပ်သီး အစည်းအဝေးတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်း တည်ထောင်ရန် ဆုံးဖြတ်ခဲ့ကာ နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းအတွက် တလျှောက်လုံး အစွမ်းကုန် ဆောင်ရွက် နေကြောင်း၊ ဂျီ-၂၀ ဟန်ကျိုး ထိပ်သီးအစည်းအဝေးတွင် တရုတ်ပြည် တင်ပြသော အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဆိုပြုချက်သည် နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်း တဆင့်တိုး မြင့်တက်လာအောင် ဦးဆောင် တိုးမြှင့်ပေးနိုင်မည်ဟု အများတကာ စောင့်မျှော် နေကြကြောင်း တရုတ်ပြည်သူ့နေ့စဉ်သတင်းစာ၏ ဆောင်ပါး တစ်ပုဒ်တွင် ရေးသားထားသည်။

လွန်ခဲ့သည့် ၃ နှစ်အတွင်း တရုတ်နိုင်ငံသည် နိုင်ငံနှင့် ဒေသ ၈၉ ခုနှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံမှု ထားရှိကြောင်း သိရပါသည်။