တရုတ်နှင့် နိုင်ငံစုံ ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်

2016-08-29 16:18:22 |သတင်းအရင်းအမြစ် 国际在线

၂၅ ရက်နေ့က ကျင်းပသော ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် တရုတ် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူချန်းက၊ တရုတ်၊ သြစတြေးလျ၊ အမေရိကန် တပ်ဖွဲ့များနှင့် တရုတ်၊ သြစတြေးလျ ကြည်းတပ်တို့သည် ပူးတွဲ စစ်ရေး လေ့ကျင့်မှုများကို အသီးသီး ပြုလုပ်မည် ဖြစ်ကြောင်း၊ တချိန်တည်းတွင် တရုတ်-ရုရှား ၂၀၁၆ ပင်လယ် ပူးတွဲ စစ်ရေး လေ့ကျင့်မှုဆိုင်ရာ တတိယအကြိမ် ဆွေးနွေးမှုလည်း ပြီးမြောက်ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နှင့် တောင်ကိုးရီးယားတို့ သာဒ် ဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ချရေးနှင့် ပတ်သက်ပြီး ဝူချန်က၊ အမေရိကန်သည် တောင်ကိုးရီးယား၌ သာဒ် စနစ် ဖြန့်ချခြင်းသည် စစ်ဆင်ရေး နည်းပညာ ကိစ္စသာ မဟုတ်ဘဲ မဟာဗျူဟာ ကိစ္စ တစ်ရပ် ဖြစ်ကြောင်း၊ ယင်းသည် ဒေသတွင်း မဟာဗျူဟာ ညီမျှမှုကို ဖျက်ဆီးပြီး တရုတ်ပြည်၏ မဟာဗျူဟာ အကျိုးစီးပွါးကို ထိခိုက်သည့်အပြင် တရုတ်-အမေရိကန်၊ တရုတ်-တောင်ကိုးရီးယား အကြား မဟာဗျူဟာ အပြန်အလှန် ယုံကြည်မှုကိုလည်း ဖျက်ဆီးလိုက်ကြောင်း ပြောကြားသည်။