တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လုခမ်းက မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းကောင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံ၌ အင်အားပြင်းငလျင်ကြီးကြောင့် လူသူသေကြေဒဏ်ရာ ရရှိမှုနှင့် ဓနဥစ္စာဆုံးရှုံမှုအပေါ် စာနာပြီး နှစ်သိမ့်ပါကြောင်း၊ မြန်မာ ဘေးသင့်အခြေအနေနှင့် မြန်မာဘက်၏ လိုအပ်မှုအရ လိုအပ်သော ကူညီထောက်ပံ့မှုကို ပေးလိုကြောင်း၊ ၂၅ ရက်နေ့က ကျင်းပခဲ့သော ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။
၂၄ ရက်နေ့က မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၌ ရစ်ခ်ျတာစကေး (၆.၈) အဆင့် အင်အားပြင်းငလျင်ကြောင့် ၂၅ရက်နေ့ ညနေပိုင်းအထိ လူ ၃ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကာ ရာနှင့်ချီသော စေတီပုထိုးများ ပျက်စီးခဲ့ကြောင်း မြန်မာအစိုးရက အတည်ပြုခဲ့သည်။ မြန်မာသမ္မတ ဦးထင်ကျော်သည် အစိုးရဝန်ကြီးများနှင့်အတူ မန္တလေးသို့ ရောက်ရှိပြီး ဘေးသင့်ရာဒေသ အခြေအနေနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း မြန်မာ သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေးက ပြောကြားသည်။