တရုတ်-အာဆီယံ ဆွေးနွေးဘက်ဆက်ဆံမှု ထားရှိသည့် ၂၅ နှစ်ပြည့် အထိမ်းအမှတ် ဧည့်ခံပွဲကို ၂၅ ရက်နေ့က တရုတ် ပီကင်း တျောက်ယူထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ ကျင်းပပြီး တရုတ်နိုင်ငံတော်ကောင်စီဝင် ယန်ကျယ်ချီသည် ၄င်းဧည့်ခံပွဲသို့ တက်ရောက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။
ဧည့်ခံပွဲမကျင်းပခင် ယန်ကျယ်ချီနှင့် တရုတ်ပြည်ဆိုင်ရာ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ယန်ကျယ်ချီက တရုတ်-အာဆီယံ ဆွေးနွေးဘက်ဆက်ဆံမှု ထားရှိသည့် ၂၅ နှစ်အတွင် နှစ်ဘက်ဆက်ဆံမှုသည် ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စည်ပင်သာယာရေးအတွက် ထူးချွန်စွာ အကျိုးဆောင်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။