တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ၂၆ရက်နေ့က ပီကင်းတွင် အလည်အပတ် ရောက်ရှိလာသော ၇၁ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ သဘာပတိ ပီတာ တွန်စင်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။
ထိုသို့ တွေ့ဆုံနှုတ်ဆက်ရာတွင် ဝမ်ယိက တရုတ်ပြည်သည် ယမန်နှစ် ကုလသမဂ္ဂ ထိပ်သီး အစည်းအဝေးများမှ ရရှိခဲ့သော အောင်မြင်မှုများကို ဘက်စုံ လက်တွေ့ဖော်ဆောင် နေကြောင်း၊ ကုလသမဂ္ဂနှင့် နယ်ပယ် အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုများကို ဇောက်ချ ပြုလုပ်ပြီး နိုင်ငံတကာ ငြိမ်းချမ်းရေါ်နှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကို တွန်းအားပေး လိုကြောင်းလည်း ပြောကြားသည်။