၂၄ကြိမ်မြောက် ကွမ်ကျိုး ကုန်စည်ပြပွဲကို ၂၆ရက်နေ့က ကွမ်ကျိုးမြို့ရှိ တရုတ် သွင်းကုန်ပို့ကုန် ကုန်စည်ရောင်းဝယ်ရေး ပြတိုက်တွင် ဖွင့်လှစ်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။
ယခုအကြိမ် ကုန်စည်းပြပွဲကို ၄ရက်ကြာ ကျင်းပမည်ဖြစ်ပြီး ပြခန်းနေရာ ၆ထောင်ခန့် ရှိကြောင်း၊ တရုတ်ပြည်မကြီးမှ ပြည်နယ် ၃၀၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ မကာအို၊ နိုင်ငံနှင့် ဒေသ ၁၀ခုကျော်မှ ကုန်သည်များသည် ပါဝင်ကြကြောင်း သိရသည်။