တောင်ကြီးမြို့ ၌ မြေပြိုမှုကြောင့် လူ ၁ ဦး သေဆုံး

2016-08-30 09:33:46 |သတင်းအရင်းအမြစ် 新华网

ရန်ကုန် ၊ သြဂုတ် ၂၉ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ တောင်ကြီးမြို့ ၌ မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် သြဂုတ် ၂၉ ရက် နံနက်ပိုင်း အချိန်တွင် မြေပြိုမှု ဖြစ်ပွားခဲ့ပြီး လူနေအိမ်ပေါ် ပြိုကျ၍ နေအိမ်ရှိ လူ ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ သိရသည်။

တောင်ကြီးမြို့  ရေအေးကွင်းရပ်ကွက် နယ်မြေ ၁၃ ၊ ဥဿဖရားလမ်း ၊ အိမ်အမှတ်(၈၈)၏ အရှေ့ဘက်ခြမ်းရှိ အလျားပေ(၄၀)၊ အနံ(၈)ပေ၊ အမြင့်ပေ(၃၀) ခန့် မြေထိန်းနံရံနှင့် ၄င်းအပေါ်တွင် တပ်ဆင်ထားသော မြေထိန်းနံရံ သံပန်းတံခါးတို့မှာ ပြိုကျ၍ ၁ ထပ်အိမ်ပေါ် ပိမိကာ နေအိမ်ပြိုကျသွားသဖြင့် အိမ်ရှင် ယောကျာင်္း ဖြစ်သူမှာ ငယ်ထိပ်ပေါက်ပြဲ ဒါဏ်ရာရရှိခဲ့ပြီး ဇနီးဖြစ်သူ အငြိမ်းစား ကျောင်းဆရာမမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ တောင်ကြီးနယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၁၄/၂၀၁၆ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။(Xinhua)