ဂျီ-၂၀ထိပ်သီးအစည်းအဝေးကျင်းပခါနီးတွင် တရုတ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Andery Denisovက တရုတ်သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာ၌ ရုရှားနှင့် တရုတ်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ခြင်း ကမ္ဘာ့စီးပွါးရေးနာလန်ပြန်ထူလာရေး အတွက် တက်ကြွသော သဘောထားရှိခြင်းနှင့် အပြုသဘောဆောင်သော ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်များကျင့်သုံးခြင်းတို့သည် ဂျီ-၂၀အုပ်စု၏ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ကောင်းမွန်သော သြဇာသက်ရောက်မှုရှိကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရ သိရပါသည်။