စက်တင်ဘာ ၄ရက်နေ့မှ ၅ရက်နေ့အထိ ၁၁ကြိမ်မြောက် ဂျီ20ထိပ်သီး အစည်းအဝေး ကို တရုတ်ပြည် ဟန်ကျိုးမြို့တွင် ကျင်းပမည် ဖြစ်ကြောင်း၊ ဂျီ20၏ သဘာပတိ နိုင်ငံ ဖြစ်သည့် အနေဖြင့် တရုတ်ပြည်သည် "ဆန်းသစ်တီထွင်မှု၊ ရှင်သန်မှု၊ ပူးပေါင်းဆောင်ရွက် မှုနှင့်သက်ညှာထောက်ထားမှု ရှိသော ကမ္ဘာ့ စီးပွားရေး တည်ဆောက်ခြင်း"ကို ယခုအကြိမ် ထိပ်သီး အစည်းအဝေး၏ ဆောင်ပုဒ် အဖြစ် ထားကြောင်း စီအာအိုင်က ဖော်ပြသည်။
လက်ရှိအချိန်က ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထူလာခြင်းမှာ အားနည်းနေသေး ကြောင်း၊ ကမ္ဘာ့ စီးပွားရေး အတွက် တရုတ်ပြည်သည် အတွေးအမြင်သစ်များကို သွင်းပေး ရန် ဘက်အသီးသီးတို့က မျှော်လင့်ကြကြောင်း၊ ဂျီ20ထိပ်သီး အစည်းအဝေးသည် ကမ္ဘာ့ စီးပွားရေး စီမံခန့်ခွဲခြင်း အတွက် "တရုတ်နည်းလမ်း"ပေးမည်ဟု ပညာရှင်များက ယူဆကြ ကြောင်း စီအာအိုင်က ဖော်ပြသည်။
၂၀၁၅ခုနှစ် ဒီဇင်ဘာ ဂျီ20 သဘာပတိနိုင်ငံ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် နောက်ပိုင်းတွင် ကမ္ဘာ့ စီးပွားရေး စီမံခန့်ခွဲခြင်း အတွက် "တရုတ်နည်းလမ်း"ပေးရန် တရုတ်ပြည်သည် အဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ကြောင်း၊ ယခုအကြိမ် ထိပ်သီး အစည်းအဝေးတွင် ဖွံ့ဖြိုးတိုးတက်ရေးပုံစံ ဆန်းသစ်တီထွင်ရေး၊ ပိုမိုတွင်ကျယ်သော ကမ္ဘာ့ စီးပွားရေးနှင့် ငွေကြေး စီမံခန့်ခွဲရေး၊ အားကောင်းသော နိုင်ငံတကာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး၊ သက်ညှာထောက်ထားမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ရှိသော ဖွံ့ဖြိုးတိုးတက် ရေးအပါအဝင် အဓိက ခေါင်းစဉ်များ ထားရှိခြင်းသည် တရုတ်ပြည်၏ ခံယူချက်ကို ပြသနေကြောင်း အကဲခတ်များက ယူဆကြသည်။