အဋ္ဌမအကြိမ် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား ယဉ်ကျေးမှုဝန်ကြီးများ အစည်းအဝေးကို ၂၈ ရက်နေ့က တောင်ကိုးရီးယားနိုင်ငံ ဂျေဂျူကျွန်း၌ ကျင်းပခဲ့ရာ တရုတ် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီး တင်းဝေ၊ တောင်ကိုးရီးယား ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်းဝန်ကြီး ကီမ်ဂျုံဒယ်၊ ဂျပန်ယဉ်ကျေးမှုနှင့် သိပ္ပံနည်းပညာဝန်ကြီး ဟီရိုကာဇူ-မာဆူနိုနှင့် တရုတ်၊ဂျပန်၊ တောင်ကိုးရီးယား ပူးပေါင်းဆောင်ရွက်ရေး အတွင်းရေးမှူးရုံးမှ ကိုယ်စားလှယ်တို့သည် ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။