တရုတ်တိဗက်ယဉ်ကျေးမှုအဖွဲ့သည် တောင်ကိုးရီးယားသို့ ခရီးလှည့်လည်

2016-08-30 10:29:13 |သတင်းအရင်းအမြစ် 国际在线

တရုတ်နိုင်ငံတော်ကောင်စီပြန်ကြားရေးရုံးမှ စည်းရုံးသော တရုတ်တိဗက်ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးအဖွဲ့သည် ၂၄ရက်နေ့မှ ၂၈ရက်နေ့အထိ တောင်ကိုးရီးယားနိုင်ငံသို့ ခရီးလှည့်လည်ခဲ့ကြောင်း၊ ယခုအကြိမ်ခရီးစဉ်အတွင်း ယင်းအဖွဲ့သည် ဆိုးလ်မြို့နှင့် ဂျီရွန်နန်ပြန်နယ်စသောဒေသသို့သွားရောက်ပြီး သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် တွေ့ဆုံကာ ယခုနှစ်များအတွင်း တိဗက်ဒေသ၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုစသော နယ်ပယ်များတွင် ဖွံဖြိုးမှုနှင့်အောင်မြင်မှုကို မိတ်ဆက်ပြီး ဗုဒ္ဓဘာသာယဉ်ကျေးမှုကို ကူးလူးဖလှယ်ခဲ့ကြကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။