ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်၊ ဗဟိုစစ်ရေး ကော်မရှင် ဒုတိယ အတွင်းရေးမှူး၊ နိုင်ငံတော် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Ngo Xuan Lichသည် သြဂုတ်လ ၂၈ရက်နေ့ နံနက်ပိုင်းက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှ ထွက်ခွာပြီး တရုတ်ပြည်တွင် ၄ရက်ကြာ တရားဝင်ခရီးကို စတင်ခဲ့ကြောင်း၊ ဗီယက်နမ် ပြည်သူ့သတင်းစာ ဝက်ဘဆိုက်မှ သတင်းအရ သိရပါသည်။