နိုင်ငံတကာ တရုတ်ဘာသာ အဘိဓါန် ထုတ်ဝေ

2016-08-31 15:59:32 |သတင်းအရင်းအမြစ် 国际在线

နိုင်ငံတကာ တရုတ်ဘာသာ အဘိဓါန်ကို ၂၆ ရက်နေ့က ပီကင်း၌ ဖြန့်ချိ ထုတ်ဝေ ခဲ့ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

ယင်းအဘိဓါန်ကို ခြောက်နှစ်တိုင်တိုင် ရေးသားပြုစုခဲ့ခြင်း ဖြစ်ပြီး တရုတ်ဘာသာ ဝေါဟာရ ၈ သောင်း ၈ထောင် ကျော် ရှိကာ ယင်းတို့အနက် တရုတ်ပြည်မကြီး၊ တရုတ် ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်နှင့် မြန်မာ၊ စင်ကာပူ၊ မလေးရှား၊ ဂျပန်၊ ဥရောပ၊ မြောက် အမေရိကနိုင်ငံများ စသည့်နိုင်ငံနှင့်ဒေသများသုံး ဝေါဟာရများလည်း ပါဝင်ကြောင်း သတင်းရရှိပါသည်။