တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်

2016-09-01 10:48:00 |သတင်းအရင်းအမြစ် 新华网

နေပြည်တော် ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ၊ အာရှ ရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော်ရှန်းတို့သည် ယနေ့ သြဂုတ်လ ၃၁ ရက်တွင် နေပြည်တော်ရှိ MICC (2) ၌ တွေ့ဆုံ ခဲ့သည်။

တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ၊ အာရှ ရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော်ရှန်းက တရုတ် နိုင်ငံ အစိုးရ အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်အား အမြဲတမ်း ခိုင်မာစွာ ထောက်ခံ အားပေး တိုက်တွန်းလျက် ရှိကြောင်း ၊ မြန်မာ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပြည်တွင်းရေးကိစ္စ ဖြစ်ပြီး ၂၁ ရာစု ပင်လုံတွင် အားလုံးက ငြိမ်းချမ်းရေး လိုအပ်သည်ဟု ထင်မြင်ပြီး မြန်မာနိုင်ငံ အမြန်ဆုံး ငြိမ်းချမ်းရေး ရရှိရန် မျှော်လင့်ခြင်းသည် နိုင်ငံနှင့် တိုင်းရင်းသား ပြည်သူလူထု အားလုံးပါဝင်သော အကျိုးစီးပွားနှင့် ကိုက်ညီပါကြောင်း ၊ အိမ်နီးချင်းနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ အမြန်ဆုံး ငြိမ်းချမ်းရေး ရရှိရန် ပိုမို မျှော်လင့်ကြောင်း ၊ ယင်းမှာ မြန်မာနိုင်ငံ၏ အကျိုးစီးပွားနှင့် ကိုက်ညီရုံသာမက ဒေသတွင်း တခြား နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံအပေါ် မျှော်လင့်ချက်နှင့် ကိုက်ညီပါကြောင်း ၊ ယခု ညီလာခံ တက်ရောက်ခြင်းမှာ အနာဂတ် ငြိမ်းချမ်းရေး လမ်းကြောင်းမည်သို့ လျှောက်လှမ်းမည်ကို အမြင် သဘောထားများ နားထောင်ခြင်း ဖြစ်ပြီး ၊ ညီလာခံအတွင်း၌ အားလုံးက သဘောထား ၊ ရပ်တည်ချက်များကို ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ပြီး အချင်းချင်း အပြန်အလှန် သဘောထား ဖလှယ်မှုများမှ တဆင့် သဘောထား ကွဲလွဲမှုများအား လျှော့ချနိုင်ကြောင်း ၊ ကွာခြားမှုများ ရှိသော်လည်း ငြိမ်းချမ်းရေးမှာ အဓိက ဦးတည်ချက် ဖြစ်ပြီး ထိုကွာခြားမှုများကို လျှော့ချနိုင်ရန် အမှန်တကယ် မျှော်လင့်ပါကြောင်း ၊ အားလုံး သဘောတူညီချက်များ ရရှိနိုင်စေချင်ကြောင်း ၄င်းက ပြောကြားခဲ့သည်။

တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ၊ အာရှ ရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော်ရှန်းသည် နေပြည်တော်၌ ကျင်းပ ပြုလုပ်လျက်ရှိသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံသို့ လေ့လာသူအဖြစ် ပါဝင် တက်ရောက်ခဲ့သည့် အပြင် ကချင်ပြည်နယ် မိုင်ဂျာယန်၌ ပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးသို့ လေ့လာသူ အဖြစ် တက်ရောက်ခဲ့ပြီး “ဝ” ပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ (UWSA) နှင့် မိုင်းလားအဖွဲ့ (NDAA) တို့နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။  (Xinhua)