ရာသီဥတုနှင့် အင်တာနက်လုံခြုံရေးတွင် တရုတ်နှင့်အမေရိကန် ပူးပေါင်းဆောင်ရွက်မှုကို

2016-09-01 11:01:47 |သတင်းအရင်းအမြစ် 国际在线

အမေရိကန် အိမ်ဖြူတော်မှ ပြောရေးဆိုခွင့်ရှိသူ အေနက်စ်ထ်သည် တရုတ်နှင့် အမေရိကန်တို့ ရာသီဥတု ပြောင်းလဲမှုနှင့် အင်တာနက် လုံခြုံမှုတွင် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်မှုကို ၃၀ ရက်နေ့က ချီးကျူးခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

၎င်းက၊ နှစ်ဖက်တို့သည် ရာသီဥတု ပြောင်းလဲမှု ရင်ဆိုင်ဖြေရှင်းရေး မူဘောင် တစ်ရပ်ကို တည်ထောင်ပြီး ယင်းနယ်ပယ်၌ နှစ်ဖက်တို့၏ ပူးပေါင်းဆောင်ရွက်မှုပင် နိုင်ငံတကာ မိသားစုကြီးတွင် ပိုမိုကျယ်ပြန့်သော တိုးတက်မှု ရရှိစေရန် တွန်းအားပေးခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။