အင်ဒိုနီးရှားသမ္မတ ဂျိုကိုသည် စက်တင်ဘာ ၂ ရက်နေ့တွင် တရုတ်ပြည် ဟန်ကျူးပြည်နယ်၌ ကျင်းပမည့် ဂျီ၂၀ထိပ်သီးအစည်းအဝေးကို တက်ရောက်ပြီး စီးပွားရေး နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရေးစသည့် အကြောင်းအရာများ နှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရယ်ထနိုမာဆူဒီ က မကြာခင်က ဂျကာတာမြို့၌ ပြောကြားခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။