တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းရန် ထိုင်း ကွန်ဖြူးရှပ်တရုတ်ဘာသာသင်ကျောင်းစီစဉ်

2016-09-01 11:13:01 |သတင်းအရင်းအမြစ် 国际在线

ထိုင်းနိုင်ငံ ကွန်ဖြူးရှပ်တရုတ်ဘာသာသင်ကျောင်းနှင့် ကွန်ဖြူးရှပ်တရုတ်ဘာသာ သင်တန်းတို့မှ ပူးတွဲအစည်းအဝေးကို ယမန်နေ့ ၃၀ ရက်နေ့က ထိုင်းနိုင်ငံ ကွန်ကင်မြို့ရှိ ကွန်ကင်-တက္ကသိုလ် ကွန်ဖြူးရှပ်တရုတ်ဘာသာသင်ကျောင်းတွင် ကျင်းပခဲ့သည်။ အစည်းအဝေးတက်ရောက်သူများသည်၊ ကွန်ဖြူးရှပ်တရုတ်ဘာသာသင်ကျောင်းနှင့် တရုတ်လုပ်ငန်း ကုမ္ပဏီများပူးပေါင်းဆောင်ရွက်ပြီး၊ စာသင်ကျောင်းဖွင့်ခြင်းပုံစံ၊ ကွန်ဖြူးရှပ် စာသင်ကျောင်းအနေနှင့်၊ တရုတ်ဘာသာစကားသင်ကြားပို့ချ ရေးအရည်အချင်း မြှင့်တင် ရေးအပါအဝင် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နှီးနှောဖလှယ်ခဲ့ကြ ကြောင်း ဆင်ဟွာ သတင်း အရသိရသည်။