ဟန်ကျိုး ထိပ်သီးအစည်းအဝေးတွင် နိုင်ငံအသီးသီး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ GCM ကို

2016-09-01 11:39:03 |သတင်းအရင်းအမြစ် 国际在线

  ဂျီ-၂၀ ဟန်ကျိုး ထိပ်သီးအစည်းအဝေးတွင် ဖွံ့ဖြိုးမှုဆိုင်ရာ အတွေးခေါ်သစ်ကို ကမ်းလှမ်းမည် ဖြစ်ပြီး ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးမှု တွန်းအားပေးရန်ကို အာရုံ စူးစိုက်ကြမည်။

မျက်မှောက်ကာလ၌ ကမ္ဘာ့စီးပွါးရေး တိုးတက်မှု အားနည်းနေသည့် အခြေအနေကို ရည်စူးပြီး ယခုနှစ် ဂျီ-၂၀ ထိပ်သီးအစည်းအဝေး ဦးစီးကျင်းပသော တရုတ်နိုင်ငံသည် ဆန်းသစ်ပြီး ရှင်သန်သော ပူးပေါင်းဆောင်ရွက်ပြီး သက်ညှာထောက်ထားသော ကမ္ဘာ့စီးပွါးရေး ဖွဲ့စည်းထူထောင်ခြင်း ဆောင်ပုဒ်ကို တင်ပြထားသည်။

တရုတ်ပြည်သူ့တက္ကသိုလ် ချုံယန် ငွေကြေး သုတေသနဌာန မက္ကရိုရေးရာ ရုံးဥက္ကဋ္ဌ ကျာကျင်ကျင်က၊ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲမှု စီမံကိန်း မရှိမီက ၂၀၀၈ ခုနှစ်ကစ၍ ယခု အထိ ငွေကြေးအကျပ်အတည်းမှ မရုန်းထွက်ရသေးကြောင်း၊ အနောက်နိုင်ငံများ၏ ဆောင်ရွက်မှုသည် အခြေခံအားဖြင့် ငွေကြေးနှင့် ဘဏ္ဍာရေးမူဝါဒများကို ဝိုင်းပတ်ပြီး ဆောင်ရွက်ကာ ယင်းသည် ကမ္ဘာ့စီးပွါးရေး နာလန်ပြန်ထူရန်ကို ဦးဆောင်နိုင်မည် မဟုတ်သဖြင့် ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း၊ တရုတ်နိုင်ငံ မှသာ ဆန်းသစ်သဘော ဦးဆောင်မှုကို ဖေါ်ဆောင်နိုင်မည် ဖြစ်ကြောင်း သုံးသပ်ထားသည်။

တရုတ် ယနေ့ခေတ် နိုင်ငံတကာဆက်ဆံမှု သုတေသနဌာန ကမ္ဘာ့စီးပွါးရေးရုံးမှ သုတေသီ ချင်ဖုန်ယင်က၊ နိုင်ငံတိုင်း ရင်ဆိုင်နေရသော ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာသည် မတူခြားနား ဖြစ်နေသဖြင့် နိုင်ငံတကာမိသားစုကြီးသည် ယင်းကိစ္စအပေါ် သဘောတူညီမှု ရရှိလိုပါက GCMတစ်ရပ်ကို ရရှိရမည် ဖြစ်ကြောင်း၊ ဟန်ကျိုး အစည်းအဝေးသည် ယင်းနယ်ပယ်၌ ကြီးမားစွာ အကျိုးပြုစွမ်းဆောင်မည် ဖြစ်ပြီး ကိန်းညွှန်းဆိုင်ရာ စနစ်များ၊ မူများနှင့် အဓိက ပြုပြင်ပြောင်းလဲရေး နယ်ပယ်များကို ချမှတ်မည် ဖြစ်ကြောင်း ယူဆသည်။