အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး ခေါင်းဆောင်များ အစည်းအဝေးများ လီခေ့ချန် တက်ရောက်

2016-09-01 11:41:03 |သတင်းအရင်းအမြစ် 国际在线

အာဆီယံအလှည့်ကျ သဘာပတိနိုင်ငံ လာအိုနိုင်ငံ ဝန်ကြီးချုပ် သုန်လွန်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် စက်တင်ဘာလ ၆ရက်နေ့မှ ၉ရက်နေ့အထိ လာအိုနိုင်ငံ ဗီယင်ကျမ်းမြို့တော်တွင် ကျင်းပမည့် ၁၉ကြိမ်မြောက် တရုတ်-အာဆီယံ (၁၀+၁) ခေါင်းဆောင်များအစည်းအဝေး နှင့် တရုတ်- အာဆီယံ ဆွေးနွေးရေးဆက်ဆံမှု ထားရှိခဲ့သည့် ၂၅နှစ်ပြည့် အထိမ်းအမှတ် ထိပ်သီး အစည်းအဝေး၊ ၁၉ကြိမ်မြောက် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား (၁၀+၃) ခေါင်းဆောင်များ အစည်းအဝေး နှင့် ၁၁ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည့်အပြင်၊ လာအိုနိုင်ငံတွင် တရားဝင် ခရီးလှည့်လည်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွင်းယဉ်က ၃၀ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု၊ တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။