အာဆီယံ အလှည့်ကျ သဘာပတိ လာအို နိုင်ငံ ဝန်ကြီးချုပ် သုန်လွန်၏ ဖိတ်ကြားချက် အရ တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၆ရက်နေ့မှ ၉ရက်နေ့ အထိ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော်တွင် ကျင်းပမည့် အရှေ့အာရှ ပူးပေါင်းဆောင်ရွက် ရေး ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ပြီး လာအိုတွင် တရားဝင် ခရီးလှည့်လည် မည်ဖြစ်ကြောင်းလည်း စီအာအိုင် သတင်းအရ သိရသည်။
တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ယခုအကြိမ် ခရီးစဉ်သည် တရုတ်-အာဆီယံ ဆက်ဆံမှု ပူးပေါင်းဆောင်ရွက်ရေး ရင့်ကျက်သည့် အချိန်ကာလသို့ အရှိန်မြင့် ရောက်ရှိရန် တွန်းအားပေးမည် ဖြစ်ကြောင်း၊ ဝန်ကြီးချုပ် လီခေ့ချန်သည် တရုတ်-အာဆီယံ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ခံယူချက်သစ်ကို တင်ပြကာ နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး ကျောရိုမဏ္ဍိုင်သစ်ကို ထူထောင်မည် ဖြစ်ကြောင်း သြဂုတ်လ ၃၁ရက်နေ့က ပြည်တွင်း ပြည်ပ မီဒီယာများအား ပြောကြားသည်။
ယခုနှစ်သည် တရုတ်-အာဆီယံ ဆွေးနွေးရေး ဆက်ဆံမှု ထားရှိခဲ့သည့် ၂၅နှစ် ပြည့်မြောက်နှစ် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ချင်ကျင့်မင်က ယခုအကြိမ် တရုတ်-အာဆီယံ ထိပ်သီး အစည်းအဝေးသည် တရုတ်-အာဆီယံ ဆွေးနွေးရေး ဆက်ဆံမှု ထားရှိခဲ့သည့် ၂၅နှစ်ပြည့် အထိမ်းအမှတ်ပြု ထိပ်သီးအစည်းအဝေး လည်းဖြစ်ကြောင်း၊ ဝန်ကြီးချုပ် လီခေ့ချန်သည် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ခံယူချက်သစ်ကို တင်ပြမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့အပြင်၊ ဒုဝန်ကြီးလျူကျင့်မင်က နိုင်ငံရေး လုံခြုံမှုနှင့် စီးပွာကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု ခိုင်မာစေရေးနှင့် ဇောက်ချပြုလုပ်ရေးတွင် ပညာရေးနှင့် ခရီးသွားရေးကို ဦးစားပေး ဆောင်ရွက်ပြီး ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးကို တရုတ်-အာဆီယံ ပူးပေါင်း ဆောင်ရွက်ရေး အတွက် ကျောရိုးမဏ္ဍိုင်သစ် တစ်ခု အဖြစ် ထူဆောက်ကာ တရုတ်- အာဆီယံ ဆက်ဆံမှု အဆင့်နှင့် အရည်အသွေး တိုးမြင့်နိုင်အောင် တွန်းအားပေးရန် မိမိတို့ အဆိုပြုမည် ဖြစ်ကြောင်း ပြောကြားသည်။