မြန်မာ ၂၁ ရာစု ပင်လုံညီလာခံကို သြဂုတ်လ ၃၁ ရက်နေ့က နေပြည်တော်မြို့တော့်၌ ကျင်းပခဲ့ရာ၊ အလွှာပေါင်းစုံမှ ကိုယ်စားလှယ် ၁၆၀၀ ခန့် တက်ရောက်ကြသည်။ ယင်း ညီလာခံကျင်းပခြင်း သည်၊ မြန်မာငြိမ်းချမ်းရေးဖြစ်စဉ် အဆင့်ကာလသစ်သို့ ဝင်ရောက်ပြီ ဟု ပြဆိုနေကြောင်း ဆင်ဟွာသတင်းအရသိရသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြာခဲ့ရာ၌၊ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ် (NCA) ကို အခြေခံသောကြောင့် NCA လက်မှတ် မထိုးရသေးသည့် အဖွဲ့များကိုလည်း အစိုးရသစ် အနေဖြင့် NCA လက်မှတ်ထိုးလာအောင် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ခေတ်အဆက်ဆက်တွင် ပြည်တွင်းစစ် ချုပ်ငြိမ်းရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့ကြောင်း၊ မအောင်မြင်ခဲ့ရာမှ သင်ခန်းစာယူပြီး အောင်မြင်ဖို့ လုပ်ဆောင်ရန်လိုကြောင်း၊ အားလုံးပါဝင်ခြင်းမရှိပါက၊ ငြိမ်းချမ်းရေးရရှိနိုင်မည်မဟုတ် ကြောင်းပြောကြားခဲ့သည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မန့်ခွန်းပြောကြားခဲ့ရာ၌၊ ယခုအကြိမ် ညီလာခံသို့ တက်ရောက်နိုင်သောဘက်အသီးသီးမှကိုယ်စားလှယ်များအားဂုဏ်ပြုကြောင်း ဖော်ပြသည့်အပြင်၊ မြန်မာအနေနှင့်၊ ဘက်စုံသက်ညာထောက်ထားမှုရှိသော ငြိမ်းချမ်းရေး လမ်းကြောင်းပေါ် တက်လှမ်းရန် မျှော်လင့်ကြောင်းလည်းဖော်ပြခဲ့သည်။