ဥရောပ နာမည်ကျော် တတ်သိပညာရှင်များအဖွဲ့ ဖြစ်သည့် Bruegel စီးပွားရေး သုတေသနဌာန တာဝန်ခံ Guntram Wolffက တရုတ်နိုင်ငံ ဟောင်ကျိုးမြို့တွင် ကျင်းပတော့မည့် ဂျီ၂၀ ထိပ်သီးအစည်းအဝေးတွင် နိုင်ငံအသီးသီးအကြား ဝင်ငွေမညီမျှမှု၊ ငွေကြေးတည်ငြိမ်မှု၊ ရာသီဥတုပြောင်းလဲမှုနှင့် ဒုက္ခသည်ရေးရာ စသောကိစ္စများ၌ တိုးတက်မှုများရရှိရန် မျှော်လင့်ကြောင်း၊ မကြာခင်က ဆင်ဟွာ သတင်းထောက်အား ဖော်ပြခဲ့သည်။