နိုင်ငံခြားရင်းနှီးငွေ ဝင်ရောက်ရန် စံနှုန်းများ တရုတ် လျှော့ပေါ

2016-09-02 10:37:40 |သတင်းအရင်းအမြစ် 国际在线

၃၁ရက်နေ့က တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီသည် ယခုနှစ်တွင် အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း ကျင့်သုံးခြင်းနှင့် ခန့်မှန်းခြေ လက်တွေ့ဖော်ဆောင်ခြင်း ဆိုင်ရာ နိုင်ငံတော်ကောင်စီမှ အစီရင်ခံစာများကို ကြားနာခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယင်းအစီရင်ခံစာ ၂ခုတွင် လာမည့် အဆင့်ကာလ၌ နိုင်ငံခြား ကုန်သွယ်မှု တိုးမြှင့်ရေး  ဆောင်ရွက်ချက်များကို တင်ပြကြောင်း၊ ၄င်းဆောင်ရွက်ချက်များတွင် တရုတ်ပြည်၌  နိုင်ငံခြားရင်းနှီးငွေ ဝင်ရောက်နိုင်အောင် သတ်မှတ်ထားသော သက်ဆိုင်ရာ စံနှုန်းများ ဆက်လက်လျှော့ပေါ့ရန်၊ ဝန်ဆောင်မှုနှင့် သမရိုးကျ ကုန်ထုတ်လုပ်မှု လုပ်ငန်းဆိုင်ရာ တံခါးဖွင့်မှုကို တိုးချဲ့ရန်၊ One Belt and Road တည်ဆောက်မှုနှင့် ထုတ်လုပ်နိုင်စွမ်း ဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ဇောက်ချပြုလုပ်ရန် ရှိကြောင်း သိရသည်။