အီရန်နိုင်ငံက တရုတ်နိုင်ငံ၏ ပိုးလမ်းမကြီး အစပျိုးမှုအား ထောက်ခံ

2016-09-05 11:13:43 |သတင်းအရင်းအမြစ် 新华网

တီဟီရန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံသည် ကမ္ဘာ့အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို ဆက်သွယ်ပေးသည့် ရှေးဟောင်း ကုန်သွယ်ရေး လမ်းကြောင်း ကွန်ရက်များအား ပြန်လည်ရှင်သန်လာအောင်လုပ်ဆောင်ပေးနိုင်မည့် တရုတ်နိုင်ငံ ၏ ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးမှုအား ထောက်ခံပါကြောင်း အီရန်နိုင်ငံ အကြီးတန်းအရာရှိတစ်ဦးက စက်တင်ဘာ ၃ ရက်တွင်ပြောကြားခဲ့သည်။

အီရန်နိုင်ငံ ကောင်စီ ၏ မဟာဗျူဟာမြောက်သုတေသနစင်တာ အကြီးအကဲ Ali Akbar Velayati က အီရန်နိုင်ငံသည် ၄င်း၏ အရှေ့တောင်ဘက် ရှိ ဆိပ်ကမ်းမြို့ဖြစ်သော Chabahar မြို့အား ကုန်းလမ်းခရီးနှင့် သင်္ဘောရေလမ်းခရီးများ ကို ဆက်သွယ်ပေးသည့် အဓိက နေရာတစ်ခု အနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး အစီအစဉ်တွင် အရေးပါသည့်အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီရန်နိုင်ငံ နှင့် တရုတ်နိုင်ငံသည် လွန်ခဲ့သော လအနည်းငယ်က နယ်ပယ်ပေါင်းစုံ၌ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားရန် ကြိုးပမ်းအားထုတ်ခဲ့ကြကြောင်း ၄င်းကပြောကြားခဲ့သည်။

ပိုးလမ်းမကြီးအစပျိုးမှုအား တရုတ်သမ္မတ ရှီကျင့်ဖိန်က ၂၀၁၃ခုနှစ်တွင် အဆိုတင်သွင်းခဲ့ခြင်းဖြစ်ပြီး စီးပွားရေးပိုးလမ်းမကြီး နှင့် ၂၁ရာစု ရေကြောင်းပိုးလမ်းမကြီး တည်ဆောက်ခြင်းကို ရည်ရွယ်ခြင်းဖြစ်ကာ ရှေးဟောင်းကုန်သွယ်ရေးလမ်းကြောင်းများ တစ်လျှောက် အာရှနှင့် ဥရောပ၊အာဖရိက တို့အား ဆက်သွယ်ပေးထားသည့် ကုန်သွယ်ရေး နှင့် အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းကွန်ရက်တစ်ခုအား လုပ်ဆောင်သွားရန် ဦးတည်ချက်ထားခြင်းဖြစ်သည်။ (Xinhua)