ဂျီ-၂၀ အစည်းအဝေးသည် ဆန်းသစ်ရေးနှင့် နိုင်ငံတကာ စီမံခန့်ခွဲရေးကို တွန်းအားပေးမည်

2016-09-05 11:32:19 |သတင်းအရင်းအမြစ် 国际在线

ဂျီ-၂၀ ထိပ်သီးအစည်းအဝေးကို ၄ ရက်နေ့မှ ၅ ရက်နေ့အထိ တရုတ်ပြည် ဟန်ကျိုးမြို့၌ ကျင်းပမည်။ ထိုင်းနိုင်ငံ ဝါရင့် စီးပွါးရေးပညာရှင်၊ ကိုင်စီကွန် သုတေသန စင်တာမှ တာဝန်ရှိပုဂ္ဂိုလ် ဟွမ်ဘင်က၊ ဂျီ-၂၀ ဟန်ကျိုး ထိပ်သီး အစည်းအဝေးသည် ပထမဆုံးအကြိမ် အဖြစ် ဖွံ့ဖြိုးရေး အသွင်ပုံစံ ဆန်းသစ်ရေးကို ဆွေးနွေးရန် အမြုတေ အကြောင်းအရာ တစ်ရပ် အဖြစ် ထားရှိမည် ဖြစ်ပြီး ပြုပြင်ပြောင်းလဲရေးနှင့် ဆန်းသစ်တီထွင်ရေးကို တွန်းအားပေးခြင်း၊ အခွင့်အလမ်းသစ်ကို တိုးချဲ့ အသုံးပြုခြင်းနှင့် ကမ္ဘာ့စီးပွါးရေး တာလတ် တာရှည် တိုးတက်ရေးဆိုင်ရာ ကိန်းဝပ်စွမ်းအား တိုးမြှင့်ခြင်းတို့ကို အလေးထားကြောင်း၊ ယခုအကြိမ် အစည်းအဝေးသည် နိုင်ငံကာ ကုန်သွယ်မှုစနစ်နှင့် စီးပွါးရေး စီမံခန့်ခွဲမှု နယ်ပယ်တွင် အရေးကြီး အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း စီအာအိုင်သတင်းထောက်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

၎င်းက၊ တရုတ်ပြည် ယခုနှစ်မှ စတင် ကျင့်သုံးသော ၁၃ ခုမြောက် ငါးနှစ်စီမံကိန်းတွင် ဆန်းသစ်တီထွင်ရေး၊ ညှိနှိုင်းဆောင်ရွက်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ တံခါးဖွင့်ရေးနှင့် အတူမျှဝေခံစားရေး ဖွံ့ဖြိုးမှုအတွေးအခေါ်ကို အလေးထားပြီး  ဆန်းသစ်သော ဖွံ့ဖြိုးရေး မဟာဗျူဟာ ဖေါ်ဆောင်ခြင်းကို အားဖြည့်နေကြောင်း၊ ယင်းသည် ကမ္ဘာ့စီးပွါးရေး အဖို့ လမ်းကြောင်းအသစ်နှင့် ကိုးကားဖွယ်ရာများကို ဖန်တီးပေးနေကြောင်း ပြောကြားသည်။