ကမ္ဘာ့ စီးပွားရေး ဂျီ20 ဟန်ကျိုး ထိပ်သီး အစည်းအဝေး တွန်းအားပေးမည်ဟု ပညာရှင်များဆိ

2016-09-05 11:34:16 |သတင်းအရင်းအမြစ် 国际在线

ဂျီ20 ဟန်ကျိုး ထိပ်သီး အစည်းအဝေးကို ၄ရက်နေ့မှ ၅ရက်နေ့အထိ တရုတ်ပြည် ဟန်ကျိုးမြို့တွင် ကျင်းပမည် ဖြစ်ကြောင်း၊ ယခုအကြိမ် ထိပ်သီးအစည်းအဝေး၏ ဆောင်ပုဒ် မှာ "ဆန်းသစ်တီထွင်မှု၊ ရှင်သန်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် သက်ညှာထောက်ထားမှု ရှိသည့် ကမ္ဘာ့ စီးပွားရေး တည်ဆောက်ရန်" ဟူ၍ ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

တရုတ်ပြည်သူ့ တက္ကသိုလ် ချုန်ယန် ငွေကြေး သုတေသန အကယ်ဒမီ အမှုဆောင် ဥက္ကဋ္ဌ ဝမ်ဝင်က ဆန်းသစ်တီထွင်မှု၊ ရှင်သန်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် သက်ညှာထောက် ထားမှုတို့သည် ကမ္ဘာ့ စီးပွားရေး နာလန်ပြန်ထူရေး အတွက် တရုတ်ပြည်မှ ဖြေရှင်းရေး နည်းလမ်း တစ်ခု ဖြစ်ကြောင်း ပြောကြားသည်။

ရှန်ဟိုင်မြို့ ဖူတန့်တက္ကသိုလ် ဘောဂဗေဒ ပညာ ကောလိပ် ပါမောက္ခ တင်းချွန်က ဂျီ20 ထိပ်သီး အစည်းအဝေးသည် ကမ္ဘာ့ စီးပွားရေး အခြေအနေနှင့် ပတ်သက်၍ တိကျ မှန်ကန်သော အကဲဖြတ်မှုကို အသင့်အတင့် ပြုလုပ်ပြီး ဘက်အသီးသီးတို့ အကြား သဘော တူညီမှု စုစည်းပေးနိုင်ကြောင်း၊ အိမ်ရှင် တရုတ်ပြည် တင်ပြထားသော ဆွေးနွေးမည့်ခေါင်း စဉ်များသည် လက်ရှိ ကမ္ဘာ့ စီးပွားရေး အခြေအနေနှင့် ကိုက်ညီကြောင်း ပြောကြားသည်။

တရုတ် ယနေ့ခေတ် နိုင်ငံတကာ ဆက်ဆံရေး သုတေသန အကယ်ဒမီ ကမ္ဘာ့ စီးပွားရေး သုတေသနဌာန သုတေသီ ချင်ဖုန်ယင်းက ဂျီ20 ဟန်ကျိုး ထိပ်သီး အစည်း အဝေး တင်ပြထားသော ဆောင်ပုဒ်သည် တရုတ်ပြည်၏ ၁၃ကြိမ်မြောက် ၅နှစ် စီမံကိန်း တွင် တင်ပြထားသော ဆန်းသစ်တီထွင်မှု၊ ညီညွတ်မှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှု၊ တံခါးဖွင့်မှုနှင့် အတူမျှဝေခံစားရေး ကြံဆချက် ၅ခုနှင့် နီးစပ်ကြောင်း ပြောကြားသည်။