အာဆီယံလူသားချင်းကယ်ဆယ်ရေးနှင့် စစ်ရေးဆေးပညာပူးတွဲလေ့ကျင့်ပွဲ တရုတ်တပ်ဖွဲ့ ပါဝင်

2016-09-05 11:42:26 |သတင်းအရင်းအမြစ် 国家在线

ဒုတိယအကြိမ် အာဆီယံနိုင်ငံကာကွယ်ရေးဝန်ကြီးများတိုးချဲ့အစည်းအဝေး လူသား ချင်း ကယ်ဆယ်ရေးနှင့် စစ်ရေးဆေးပညာပူးတွဲလေ့ကျင့်ပွဲပါဝင်ရန် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်သည်၊ ယမန်နေ့ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ ကြောင်း ဆင်ဟွာသတင်းဌာနမှ သတင်းအရသိရသည်။

ယခုအကြိမ်ပူးတွဲလေ့ကျင့်ပွဲကို စက်တင်ဘာ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊Chon Buri မြို့နှင့် အနီးတဝိုက်ပင်လယ်ရပ်ဝန်းများ၌ ကျင်းပမည်ဖြစ်ရာ တရုတ်၊ရုရှား၊အမေရိကန်နှင့်အာဆီယံနိုင်ငံများအပါအဝ်အာဆီယံနိုင်ငံတော် ကာကွယ်ရေး ဝန်ကြီးတိုးချဲ့အစည်းအဝေးအဖွဲ့ဝင် ၁၈ နိုင်ငံမှ တပ်ဖွဲ့များပါဝင်ကြ မည်ဟု သိရသည်။