ဥဇဘက်ကစ္စတန်သမ္မတ ကွယ်လွန်ခြင်းအပေါ် ဝမ်နည်းကြေကွဲကြောင်း သဝဏ်လွှာ ဥဇဘက် အထက်လွှတ်တော

2016-09-05 11:47:26 |သတင်းအရင်းအမြစ် 国际在线

စက်တင်ဘာလ ၃ ရက်နေ့တွင် တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဥဇဘက်ကစ္စတန် သမ္မတ အစ္စလမ်-ကာရီမို့ဗ် ရောဂါကြောင့် ကွယ်လွန်သွားရှာခြင်းအပေါ် ဝမ်းနည်းကြေကွဲကြောင်း သဝဏ်လွှာကို ဥဇဘက်ကစ္စတန် အထက်လွှတ်တော် ဥက္ကဋ္ဌ နီဂ်မာတီလာ-ယူဒါရှက်ဗ်ထံသို့ ပေးပို့ခဲ့ကြောင်း၊ ၄င်းသဝဏ်လွှာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တရုတ်အစိုးရနှင့် တရုတ်ပြည်သူများ၏ကိုယ်စား မိမိအနေနှင့် သမ္မတ ကာရီမို့ဗ်၏ ကွယ်လွန်သွားရှာခြင်းအပေါ် လေးနက်စွာ ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြသည့်အပြင် ဥဇဘက်ကစ္စတန်ပြည်သူများနှင့် သမ္မတ ကာရီမို့ဗ်၏မိသားစုများအား စေတနာဖြင့် နှစ်သိမ့်အားပေးကြောင်း ဖော်ပြသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။