ဂျီ20 ဟန်ကျိုး ထိပ်သီး အစည်းအဝေးနှင့် ပတ်သက်၍ နိုင်ငံတကာ မီဒီယာများ၏ ဖော်ပြချ

2016-09-05 15:12:08 |သတင်းအရင်းအမြစ် 国际在线

အမေရိကန် Yale တက္ကသိုလ် Yale Global Onlineမှ ဆောင်းပါးတစ်ပုဒ်တွင် ယခုအကြိမ် ထိပ်သီး အစည်းအဝေး၌ ရေရှည် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး အပေါ် ပိုမို အာရုံစိုက်ရန် တရုတ်ပြည် မျှော်လင့်ကြောင်း ဖော်ပြသည်။

အမေရိကန် နိုင်ငံ The Huffington Postမှ "ဂျီ20 ဟန်ကျိုး ထိပ်သီး အစည်းအဝေး- မတည်မငြိမ်ဖြစ်နေသော အချိန်ကာလတွင် ပိုမိုနွေးထွေးသော မိတ်ဖက်ဆက်ဆံမှု တည်ဆောက်ရန်"ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် ရေးသားရာ၌ ဂျီ20 ဟန်ကျိုး ထိပ်သီး အစည်းအဝေး ကျင်းပခြင်းသည် နိုင်ငံကြီးများ အကြား အပြုသဘောဆောင်ပြီး တာဝန်ယူတတ်ကာ ပိုမိုများပြားသည့် သက်ညှာထောက်ထားမှု ရှိသော ဆက်ဆံမှု တည်ဆောက်ရေး အတွက် အခွင့်ကောင်း တစ်ခု ဖန်တီးပေးနေကြောင်း ဖော်ပြသည်။

ဂျီ20 ဟန်ကျိုး ထိပ်သီး အစည်း အဝေးနှင့် ပတ်သက်၍ ဆော်ဒီအရေဗျ အမျိုးသား ရုပ်မြင်သံကြားဌာနမှ အစီအစဉ်တစ်ခုတွင် ပညာရှင်များက ဂျီ20 ဟန်ကျိုး ထိပ်သီး အစည်းအဝေးမှ ဆန်းသစ်တီထွင်မှု စီးပွားရေး ခေါင်းစဉ်သည် လူငယ်များ အလုပ်အကိုင် နေရာ ချထားရေးနှင့် စီးပွားရေး တိုးတက်မှု ထိန်းသိမ်းထားခြင်း အတွက် ဖြေရှင်းရေး နည်းလမ်း တစ်ခု ဖြစ်နိုင်ဖွယ်ရာရှိသည်ဟု ယူဆကြကြောင်း ဖော်ပြသည်။

ဂျာမဏီ Neue Deutsche Zeitungမှ ဆောင်းပါးတစ်ပုဒ်တွင် ဂျီ20 ဟန်ကျိုး ထိပ်သီး အစည်းအဝေးသို့ တက်ရောက်သူများသည် နိုင်ငံတကာ စီးပွားရေးနှင့် ငွေကြေး စနစ်တွင် နည်းလမ်းသစ် ရှာဖွေရန် စီစဉ်ထားကြောင်း ရေးသားဖော်ပြသည်။