၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်စွာ ရုပ်သိမ်းကြောင်း မြန်မာ ကြေညာ

2016-09-05 15:35:15 |သတင်းအရင်းအမြစ် 国际在线

မြန်မာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ညီလာခံကို ၃ ရက်နေ့ နေ့လယ်ပိုင်းက နေပြည်တော်၌ ရုပ်သိမ်းခဲ့ကြောင်း၊ ညီလာခံ စည်းရုံးရေး ကော်မတီက အစည်းအဝေး အောင်မြင်စွာ ကျင်းပကြောင်းနှင့် ခြောက်လ ပြီးနောက် ကိုယ်စားလှယ်များ ထပ်မံ ဆုံတွေ့ရန် စောင့်မျှော်ကြောင်း ကြေညာခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ကိုယ်စားလှယ်အားလုံး မိန့်ခွန်း ပြောကြားသည့် အပြီးတွင် မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကား ပြောကြားရာ၌၊ ငြိမ်းချမ်းရေးသည် ရေရှည် စွဲကိုင်ရသော လုပ်ငန်း ဖြစ်ကြောင်း၊ အစည်းအဝေး တက်ရောက်ခြင်းသည် ခေတ္တယာယီ ငြိမ်းချမ်းရေးအတွက် မဟုတ်ဘဲ ရေရှည် ငြိမ်းချမ်းရေးနှင့် နိုင်ငံတော် စည်ပင်ချမ်းသာရေးကို ရှာကြံရန်အတွက် ဖြစ်ကြောင်း၊ ယင်းသည် အများတကာ၏ မြန်မာအပေါ် စောင့်မျှော်ချက်နှင့် ကိုက်ညီကြောင်း ပြောကြားသည်။

၂၁ ရာစု ပင်လုံညီလာခံကို သြဂုတ်လ ၃၁ ရက်နေ့မှ ယခုလ ၃ ရက်နေ့အထိ ကျင်းပ ခဲ့ရာ ဘက်အသီးသီးမှ ကိုယ်စားလှယ် ၁၆၀၀ ခန့် ဖွင့်ပွဲသို့ တက်ရောက်ကြကြောင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးသံတမန် စွင်ကိုရှန်တို့သည် ဖိတ်ကြားချက်အရ ညီလာခံသို့ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။