တရုတ် အတွေ့အကြုံများ နည်းယူလေ့လာပြီး သက်ညှာထောက်ထားမှု ရှိသော စီးပွားရေး အတူမျှဝေ

2016-09-06 10:58:40 |သတင်းအရင်းအမြစ် 国际在线

အာဆီယံတွင် တစ်ခုတည်းသော ဂျီ20အဖွဲ့ဝင် နိုင်ငံ အနေနှင့် အင်ဒိုနီးရှား သမ္မတ ကျိုကို ဝီဒိုဒိုသည် ဂျီ20ဟန်ကျိုး ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။
အင်ဒိုနီးရှား ရင်းနှီးမြှုပ်နှံမှု ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ လမ်ဘုန်က စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင် အင်ဒိုနီးရှား အနေနှင့် ပွင်းလင်းပြီး သက်ညှာထောက်ထားမှုရှိသော သဘော ထားပြီး တရုတ်ပြည်မှ ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှု အတွေ့အကြုံများကို နည်းယူလေ့လာကာ နိုင်ငံ အသီးသီးနှင့် သက်ညှာ ထောက်ထားမှု ရှိသော ကမ္ဘာ့ စီးပွားရေး အတူ မျှဝေခံစားကြမည် ဖြစ်ကြောင်း ပြောကြားသည်။
   သမ္မတ ကျိုကိုသည် ဂျီ20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဟန်ကျိုးသို့ ရောက်ရှိပြီး အာလီဘာဘာ ကုမ္ပဏီ အုပ်စု ဌာနချုပ်ရုံးသို့ သွားရောက် လည်ပတ်ကြည့်ရှု ကာ မာယွင်ကို အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် တာဝန် ထမ်းဆောင်ရန် ဖိတ်ခေါ်ခဲ့ကြောင်း၊ အင်ဒိုနီးရှား ကုန်သွယ်ရေး ဝန်ကြီးချုပ်ဟောင်း၊ လက်ရှိ ရင်းနှီးမြှုပ်နှံမှု ညှိနှိုင်းဆောင်ရွက် ရေးကော်မတီ ဥက္ကဋ္ဌ လမ်ဘုန်က အာလီဘာဘာ၏ အတွေ့အကြုံကို အင်ဒိုနီးရှားသည် နည်းယူ လေ့လာသင့် လေ့လာထိုက်ကြောင်း၊ အွန်လိုင်း ကုန်စည်ရောင်းဝယ်ရေးသည် အင်ဒိုနီးရှား၏ အလတ်စားနှင့် အငယ်စား ကုမ္ပဏီများကို ဖွံ့ဖြိုးတိုးတက်စေနိုင်ကြောင်း ပြောကြားသည်။
   ထို့အပြင်၊ လမ်ဘုန်က ကျည်ဆန်ရထားသည် တရုတ် ပြည်သူများ၏ နေထိုင်မှုဘဝကို ပြောင်းလဲစေသော အဆင့်မြင့် နည်းပညာ ဖြစ်ကြောင်း၊ ဂျာကာတာနှင့် ဘန်ဒေါင်းကို ဆက်စပ်ထားသည့် ကျည်ဆန်ရထားလမ်းသည် တရုတ်-အင်ဒိုနီးရှား မိတ်ဆွေဖြစ် ပူးပေါင်းဆောင်ရွက်မှု အမှတ်လက္ခဏာ ဖြစ်ကြောင်း ပြောကြားသည်။