ဂျီ-၂၀သည် သမိုင်းဝင် တိုးတက်မှု နှစ်ရပ် ဖေါ်ဆောင်ခြင်းကို ဘန်ကီမွန်း ချီးကျူး

2016-09-06 11:14:12 |သတင်းအရင်းအမြစ် 国际在线

၎ ရက်နေ့ နံနက်ပိုင်းက ဂျီ-၂၀ ဟန်ကျိုး ထိပ်သီးအစည်းအဝေး သတင်းစာ ရှင်းလင်းပွဲတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက၊ ယခုအကြိမ် အစည်းအဝေးတွင် ရာသီဥတု ပြောင်းလဲမှု အစီအစဉ်တွင် အရေးကြီး ခြေလှမ်း တစ်လှမ်း လှမ်းလိုက်ပြီး ကုလသမဂ္ဂ ၂၀၃၀ ဆက်တိုက် ဖွံ့ဖြိုးရေး အစီအစဉ်ကိုလည်း တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အစီအစဉ်နှင့် ပတ်သက်ပြီး ဘန်ကီမွန်းသည် တရုတ်နှင့် အမေရိကန်တို့၏ ပူးပေါင်းဆောင်ရွက်မှုကို ချီးကျူးသည်။ ၄င်းက၊ တရုတ်နှင့် အမေရိကန်တို့ ပါရီ သဘောတူစာချုပ်တွင် တရားဝင် ပါဝင်ပြီးနောက် ယခု စာချုပ်ဝင်နိုင်ငံ ၂၆ နိုင်ငံ ရှိပြီ ဖြစ်ပြီး ကာဗွန်ဓါတ်ငွေ့ ထုတ်လွှတ်မှု စုစုပေါင်း ပမာဏ၏ ၃၉ ရာခိုင်နှုန်းသော နိုင်ငံများသည် ယင်းစာချုပ်ကို အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း ပြောကြားသည်။

တရုတ်နိုင်ငံက ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ် ဆက်တိုက် ဖွံ့ဖြိုးရေး အစီအစဉ်ကို ယခုအကြိမ် အစည်းအဝေး၏ အမြုတေ ဆွေးနွေးရန်အကြောင်း ထားခြင်းကိုလည်း ဘန်ကီမွန်းက ကျေးဇူးတင်ကြောင်း ဖေါ်ပြသည်။