မြန်မာမီဒီယာသမားများ ယူနန်၌ သင်တန်းတက်ကြ

2016-09-06 11:18:13 |သတင်းအရင်းအမြစ် 国际在线

  တရုတ် ယူနန် တိုင်းရင်းသားတက္ကသိုလ် မြန်မာ အဆင့်မြင့် မီဒီယာသမား မွမ်းမံသင်တန်းကို ၄ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း၊ မြန်မာမီဒီယာသမား ၁၄ ဦးတို့သည် ယူနန်ပြည်နယ်၌ ၁၀ရက်ကြာ သတင်းဆိုင်ရာ အဆင့်မြင့်သင်တန်းတက်ပြီး လက်တွေ့ လေ့ကျင့်မှုများလည်း ပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

      ယခုအကြိမ် မွမ်းမံသင်တန်းသည် မြန်မာ ရန်ကုန်တက္ကသိုလ်နှင့် တရုတ် ယူနန် တိုင်းရင်းသားတက္ကသိုလ်တို့၏ ပူးပေါင်းဆောင်ရွက်မှုတစ်ရပ် ဖြစ်ကြောင်း၊ သင်တန်းဝင်များသည် မြန်မာမီဒီယာ သတင်းထောက်များ၊ အယ်ဒီတာ၊ စာရေးဆရာနှင့် ဘာသာပြန်များဖြစ်ကြောင်း၊ ၄င်းတို့သည် ယူနန် တိုင်းရင်းသားတက္ကသိုလ်၊ ယူနန်မီဒီယာဌာနများနှင့် ယူနန်ပြည်နယ် ချန်ကုန်၊ ယုရှီး၊ ရှီလင်းစသည့်နေရာများသို့လည်း လှည့်လည်ကြည့်ရှုမည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။