ဂျီ-၂၀ဟန်ကျိုးထိပ်သီးအစည်းအဝေးတွင် သဘောတူညီမှုများစွာရရှိသည်ဟု ရှီကျင့်ဖိန် ဆို

2016-09-06 11:26:15 |သတင်းအရင်းအမြစ် 国际在线

ယနေ့၅-ရက်နေ့ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန် သည် ဂျီ-၂၀ဟန်ကျိုးထိပ်သီးအစည်းအဝေးတွင် ရရှိခဲ့သည့် သဘောတူညီမှုနှင့် အောင်မြင်မှုများကို ရှင်းလင်းပြောကြားသည်။ ဘက်အသီးသီးတို့သည် ကမ္ဘာ့စီးပွားရေး အတွက် လမ်းညွှန်ပြပြီး နည်းလမ်းများကို ရှာကြံရန်၎င်း၊ ဖွံ့ဖြိုးရေးအသွင်ကို ဆန်းသစ် တီထွင်ပြီး ကမ္ဘာ့စီးပွားရေးအတွက် တွန်းအားသစ်ကို ထည့်သွင်းရန်၎င်း၊ တစ်ကမ္ဘာလုံး စီးပွားရေးနှင့် ငွေကြေးစီမံခန့်ခွဲမှုကို ပိုမိုကောင်းမွန်ပြည့်စုံစေပြီး ကမ္ဘာ့စီးပွားရေးအန္တရာယ် ခုခံနိုင်စွမ်းကို မြှင့်တင်ရန်၎င်း၊ နိုင်ငံတကာကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးကို ပြန်လည်ရှင်သန်စေပြီး တံခါးဖွင့်ကမ္ဘာ့စီးပွားရေးကို ထူထောင်ရန်၎င်း၊ သက်ညာ ထောက်ထားပြီး အပြန်အလှန်ပူးပေါင်းဆောင်ရွက်သော ဖွံ့ဖြိုးရေးပုံစံကို တွန်းအားပေးပြီး ဂျီ-၂၀ပူးပေါင်းဆောင်ရွက်ရေးအကျိုးရလဒ်ကို တစ်ကမ္ဘာလုံး မျှဝေခံစားစေရန်၎င်း ဆုံးဖြတ် ကြသည်။