ဂျီ-၂၀ ဟန်ကျိုးထိပ်သီးအစည်းအဝေး၏ ရည်မှန်းချက်ကို ဖော်ဆောင်သည်ဟု ရှီကျင့်ဖိန်ဆို

2016-09-06 11:38:59 |သတင်းအရင်းအမြစ် 国际在线

၅ရက်နေ့က ပြည်တွင်းပြည်ပမှ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ဂျီ-၂၀ ဟန်ကျိုး ထိပ်သီး အစည်းအဝေး ကျင်းပချိန်သည် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဂျီ-၂၀အုပ်စု အသွင်ပုံစံ ပြုပြင်ပြောင်းလဲမှု၏ သော့ချက်ကျ အချိန်ဖြစ်သဖြင့် ယင်းအစည်းအဝေးကို နိုင်ငံတကာ မိသားစုကြီးက ကျယ်ပြန့်စွာ အာရုံစိုက်ကြသည့်အပြင် ဘက်အသီးသီးတို့သည်လည်း မျှော်လင့်ချက်ထားရှိကြောင်း၊ ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံများ၊ ဧည့်သည်နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ခေါင်းဆောင်တို့သည် ဆန်းသစ်တီထွင်မှု၊ ရှင်သန်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် သက်ညှာထောက်ထားမှုရှိသော ကမ္ဘာ့စီးပွားရေး ထူထောင်ခြင်းနှင့်ပတ်သက်၍ အမြင်ချင်း နက်ရှိုင်းစွာ ဖလှယ်ပြီး ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို ဆွေးနွေးကြကြောင်း၊ ဘက်အသီးသီးတို့၏ ကြိုးပမ်းမှုဖြင့် ယခုအကြိမ် အစည်းအဝေးတွင် အောင်မြင်မှု များစွာရရှိပြီး ရည်မှန်းချက်များကို အကောင်အထည် ဖော်ဆောင်ကြောင်း ပြောကြားသည်။