ဂျီ-၂၀ အုပ်စုသည် နယ်ပယ် သုံးခု၌ ပြောင်းလဲမှု လိုအပ်သည်ဟု ရှီကျင့်ဖိန် ဆို

2016-09-06 11:41:12 |သတင်းအရင်းအမြစ် 国际在线

၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ရှီကျင့်ဖိန်က၊ မျက်မှောက် အခြေအနေတွင် ဂျီ-၂၀ အုပ်စုသည် နိုင်ငံတကာ စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု အဓိကဖိုရမ်၏ အခန်းကဏ္ဍကို ပိုမို ကောင်းမွန်စွာ ဖြစ်ထွန်းစေရမည် ဖြစ်ကြောင်း၊ အကျပ်အတည်း ရင်ဆိုင် ဖြေရှင်းရေးစနစ်မှနေ ရေရှည် စီမံခန့်ခွဲရေးစနစ်သို့ တဆင့်တိုး ပြောင်းလဲရမည် ဖြစ်ကြောင်း၊ တာတို မူဝါဒကို အလေးထားရာမှနေ၍ တာတို၊ တာရှည် မူဝါဒကို တပြိုင်တည်း အလေးထားရာသို့ ပြောင်းလဲရမည် ဖြစ်ကြောင်း ပြောကြားသည်။