ရှီကျင့်ဖိန်သည် ဂျီ-၂၀ ထိပ်သီးအစည်းအဝေး အပိတ်မိန့်ခွန်း ပြောကြား

2016-09-06 11:45:33 |သတင်းအရင်းအမြစ် 国际在线

ဂျီ-၂၀ ထိပ်သီးအစည်းအဝေးကို ၅ ရက်နေ့က ဟန်ကျိုးမြို့၌ ဆက်လက် ကျင်းပ ခဲ့ကြောင်း၊ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အစည်းအဝေးကို ကြီးမှူး ကျင်းပ ပြီးနောက် အစည်းအဝေး အပိတ်မိန့်ခွန်း ပြောကြားသည်။

အစည်းအဝေးများတွင် အဖွဲ့ဝင်နိုင်ငံများ၊ ဧည့်နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ခေါင်းဆောင်တို့သည် ပိုမို ထိရောက်သော ကမ္ဘာ့ စီးပွါးရေး ငွေကြေး စီမံခန့်ခွဲမှု၊ အားကောင်းသော နိုင်ငံတကာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ သက်ညှာထောက်ထားပြီး ပူးပေါင်းဆောင်ရွက်သော ဖွံ့ဖြိုးမှု စသည်တို့နှင့် ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း၊ ရာသီဥတု ပြောင်းလဲမှု၊ ဒုက္ခသည်ရေးရာ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ငွေရင်း စွဲဆောင်မှု၊ နိုင်ငံတကာ အများပြည်သူ ကျန်းမာရေး စသည့် ကမ္ဘာ့ စီးပွါးရေးကို ဂယက်ရိုက်ခတ်တတ်သော အရေးကြီး ကိစ္စရပ်များကို ဆွေးနွေးကြပြီး ကျယ်ပြန့်သော သဘောတူညီမှုများကို ရရှိကြသည်။

အစည်းအဝေး အပိတ်မိန့်ခွန်း ပြောကြားရာ၌ ဥက္ကဋ္ဌ ရှီကျင့်ဖိန် က၊ ဘက်အသီးသီးတို့ ၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ဂျီ-၂၀ဟန်ကျိုးထိပ်သီးအစည်းအဝေးတွင် အရေးကြီး သော သဘောတူညီမှုများရရှိကြကြောင်း ပြောကြားသည်။

ပထမအချက်သည် ကမ္ဘာ့စီးပွားရေးအတွက် လမ်းညွှန်ပြပြီး နည်းလမ်းများကို ရှာကြံ ရန် ဆုံးဖြတ်ခြင်းဖြစ်သည်။

ဒုတိယအချက်သည် ဖွံ့ဖြိုးရေးအသွင်ကို ဆန်းသစ်တီထွင်ပြီး ကမ္ဘာ့စီးပွားရေးအတွက် တွန်းအားသစ်ကို ထည့်သွင်းရန် ဆုံးဖြတ်ခြင်းဖြစ်သည်။

တတိယအချက်သည် တစ်ကမ္ဘာလုံး စီးပွားရေးနှင့် ငွေကြေးစီမံခန့်ခွဲမှုကို ပိုမို ကောင်းမွန်ပြည့်စုံစေပြီး ကမ္ဘာ့စီးပွားရေးအန္တရာယ် ခုခံနိုင်စွမ်းကို မြှင့်တင်ရန် ဆုံးဖြတ်ခြင်းဖြစ်သည်။

စတုတ္ထအချက်သည် နိုင်ငံတကာကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးကို ပြန်လည်ရှင်သန်စေပြီး တံခါးဖွင့်ကမ္ဘာ့စီးပွားရေးကို ထူထောင်ရန် ဆုံးဖြတ်ခြင်းဖြစ်သည်။

ပဉ္စမအချက်သည် သက်ညှာ ထောက်ထားပြီး အပြန်အလှန်ပူးပေါင်းဆောင်ရွက်သော ဖွံ့ဖြိုးရေးပုံစံကို တွန်းအားပေးပြီး ဂျီ-၂၀ပူးပေါင်းဆောင်ရွက်ရေးအကျိုးရလဒ်ကို တစ်ကမ္ဘာလုံး မျှဝေခံစားစေရန် ဆုံးဖြတ်ခြင်းဖြစ်သည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန် က၊ မိမိတို့၏ အတူတကွကြိုးပမ်းဆောင်ရွက်မှုကြောင့် ဂျီ-၂၀ ဟန်ကျိုးထိပ်သီးအစည်းအဝေးတွင် အောင်မြင်မှုများရရှိကြောင်း၊ ယခုအကြိမ်အစည်း အဝေးကို အစပြုပြီး ဂျီ-၂၀အုပ်စုဆက်လက်ချီတက်လိမ့်မည်ဖြစ်ကြောင်း ပြောကြားသည်။