အာဆီယံနှင့် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးများ ကျင်းပမည်

2016-09-07 09:56:02 |သတင်းအရင်းအမြစ် 国际在线

၂၀၁၆ ခုနှစ် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးများကို ၆ ရက်နေ့မှ ၈ ရက်နေ့အထိ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော်၌ ကျင်းပမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

သုံးရက်ကြာ အစည်းအဝေးများတွင်၊ အာဆီယံ ထိပ်သီး အစည်းအဝေး၊ ၁၉ အကြိမ် တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် တရုတ်-အာဆီယံ ဆွေးနွေးဖက် ဆက်ဆံမှု ထားရှိသော ၂၅ နှစ်ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး၊ ၁၉ ကြိမ်မြောက် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား ထိပ်သီးအစည်းအဝေးနှင့် ၁၁ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးတို့ ပါဝင်ကြောင်း သိရပါသည်။