ဂျီ-၂၀ ဟန်ကျိုးထိပ်သီးအစည်းအဝေးကို နိုင်ငံတကာမိသားစုကြီး ချီးကျူး

2016-09-07 10:03:10 |သတင်းအရင်းအမြစ် 国际在线

 ဂျီ-၂၀ ဟန်ကျိုးထိပ်သီးအစည်းအဝေးကို ၄ရက်နေ့က ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာတွင် ဥက္ကဋ္ဌရှီကျင့်ဖိန်က ဆန်းသစ်တီထွင်မှု၊ ရှင်သန်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် သက်ညှာထောက်ထားမှု ပါရှိသော ကမ္ဘာ့စီးပွားရေးကို ထူထောင်ခြင်းနှင့်ပတ်သက်ပြီး မိန့်ခွန်းပြောကြားပြီး ကမ္ဘာ့စီးပွားရေး၏ စိန်ခေါ်မှု ရင်ဆိုင်ဖြေရှင်းရေးနှင့် တည်ငြိမ်စွာ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်ပြီး တရုတ်ပြည်ဘက်၏ အဆိုပြုချက်ကို တင်ပြကာ ဂျီ-၂၀ အုပ်စု ထူထောင်ရေးနှင့်ပတ်သက်ပြီး တရုတ်ပြည်ဘက်၏ အကြံပြုချက်ကိုလည်း တင်ပြခဲ့သည်။ ဥက္ကဋ္ဌရှီကျင့်ဖိန်၏ အတွေးအခေါ်သစ်၊ အကြံပေးမှုသစ်များကို နိုင်ငံအသီးသီးမှ ပညာရှင်များနှင့် ခေါင်းဆောင်ဟောင်းများ ချီးကျူးကြပြီး ဂျီ-၂၀ ဟန်ကျိုးထိပ်သီးအစည်းအဝေးအနေနှင့် ကမ္ဘာ့စီးပွားရေး စည်ပင်သာယာရေး အတွက် ခိုင်မာသော အခြေခံကို ဖန်တီးပေးမည်ဟု ယူဆကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။