တရုတ်နှင့်အာဆီယံနိုင်ငံများသည် ပြည်သူများ၏ ဆန္ဒအလျောက် ဆောင်ရွက်ရမည်ဟု တရုတ်ပညာရှ

2016-09-07 10:05:40 |သတင်းအရင်းအမြစ် 国际在线

၇ ရက်နေ့တွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပတော့မည့် တရုတ်-အာဆီယံ ထိပ်သီးခေါင်းဆောင်များအစည်းအဝေး၊ တရုတ်-အာဆီယံ ဆွေးနွေးဘက်ဆက်ဆံမှု ထားရှိသည့် ၂၅ နှစ်ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးတွင် လွန်ခဲ့သည့် ၂၅ နှစ်အတွင်း နှစ်ဘက်ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးကို ပေါင်းရုံးသုံးသပ်ပြီး အနာဂတ်ရေးကို စီမံခန့်ခွဲမည်။ ယင်းနှင့်ပတ်သက်ပြီး တရုတ် သံတမန်ပညာ ကောလိပ် အာရှရေးရာ သုတေသနဌာန ဌာနမှူး မစ္စ ဝေလင်းက တရုတ်-အာဆီယံ ဆက်ဆံမှု ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတွင် ပြည်သူများ၏ ဆန္ဒအလျောက် ဆောင်ရွက်ရမည်ဟု စီအာအိုင် သတင်းထောက်များအား ပြောကြားသည်။