ဗီယက်နမ်ဝန်ကြီးချုပ်၏ တရုတ်ပြည်ခရီးစဉ် စတင်တော့မည်

2016-09-07 10:07:45 |သတင်းအရင်းအမြစ် 国际在线

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းယဉ်က၊ တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်၏ ဖိတ်ကြားချက်အရ၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် Nguyen Xuan Phuc သည်၊ စက်တင်ဘာ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့အထိ၊ တရုတ်ပြည်တွင် တရားဝင် ခရီးလှည့်လည်မည့်အပြင်၊ ၁၃ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲသို့လည်း တက်ရောက်မည်ဖြစ်ကြောင်း ယမန်နေ့ ၅ ရက်နေ့က ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

 ဆက်လက်၍ ဟွာချွမ်းယဉ်က၊ တရုတ်ခရီးစဉ်အတွင်း၊ တရုတ်နိုင်ငံတော် ခေါင်းဆောင်များသည်၊ ဝန်ကြီးချုပ် Nguyen Xuan Phuc နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး၊ တရုတ်-ဗီယက်နမ်ဆက်ဆံမှုနှင့် နှစ်ဖက်တို့အတူတကွအာရုံစိုက်ကြသည့် ကိစ္စရပ်များနှင့်  စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ကြမည်ဖြစ် ကြောင်းပြောကြားခဲ့သည်။