ရွှီချီလျန့်နှင့် မင်းအောင်လှိုင် တွေ့ဆုံ

2016-09-08 10:37:44 |သတင်းအရင်းအမြစ် 国际在线

မြန်မာနိုင်ငံ၌ ခရီးလှည့်လည်နေသော တရုတ် ဗဟိုစစ်ရေးကော်မရှင် ဒုဥက္ကဋ္ဌ  ရွှီချီလျန့်သည် ၆ ရက်နေ့ ညနေပိုင်းက မြန်မာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ရွှီချီလျန့်က၊ တရုတ် တပ်မတော်သည် မြန်မာ တပ်မတော်နှင့် မဟာဗျူဟာအရ ကူးလူးဖလှယ်မှုကို တိုးမြှင့်လိုကြောင်း၊ အသင်းအဖွဲ့များအရ အပြန်အလှန် ခရီးလှည့်လည်ခြင်း၊ လူသူ ပျိုးထောင် လေ့ကျင့်ခြင်းနှင့် ပူးတွဲ လေ့ကျင့်မှု ပြုလုပ်ခြင်း စသည့် နယ်ပယ်များ၌ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးလိုကြောင်း၊ တရုတ်ပြည်ဘက်သည် မြန်မာအစိုးရနှင့် တပ်မတော်တို့ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲ ဆက်လက် ကျင်းပပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး အမြန်ဆုံး ဖေါ်ဆောင်ရန်ကို ထောက်ခံကြောင်း၊ နှစ်ဖက်တို့သည် နယ်စပ်ဒေသ ငြိမ်းချမ်းတည်ငြိမ်မှု ထိန်းသိမ်းရန် အတွက် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

မင်းအောင်လှိုင်ကလည်း၊ နှစ်နိုင်ငံ သံအဆက်အသွယ် ထားရှိခဲ့သည့်နောက်ပိုင်း တလျှောက်လုံးဆိုသလို အပြန်အလှန် လေးစားပြီး အပြန်အလှန် အားပေးထောက်ခံကြောင်း၊ မြန်မာ တပ်မတော် အနေနှင့် တရုတ် တပ်မတော်၏ ရေရှည် ထောက်ပံ့ကူညီမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နှစ်နိုင်ငံ တပ်မတော်အကြား ချစ်ကြည်ရေး ဆက်ဆံမှုကို တဆင့်တိုး ခိုင်မြဲ တိုးတက်လိုပါကြောင်း ပြောကြားသည်။

တွေ့ဆုံဆွေးနွေးပွဲ မတိုင်မီက ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်သည် ရွှီချီလျန့်အား ကြိုဆိုပွဲ အခမ်းအနားကို ခမ်းနားသိုက်မြိုက်စွာ ပြုလုပ်ခဲ့သည်။