အာဆီယံ၊ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား ထိပ်သီးခေါင်းဆောင်များအစည်းအဝေး ကျင်းပ

2016-09-08 10:51:43 |သတင်းအရင်းအမြစ် 国际在线

၁၉ကြိမ်မြောက် အာဆီယံ၊ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ယနေ့၇-ရက်နေ့တွင် လာအိုနိုင်ငံဗီယင်ကျန်းမြို့တော်၌ ကျင်းပသည်။

လာအိုဝန်ကြီးချုပ် သုန်လွန် သည် ယခုအကြိမ်အစည်းအဝေးကို ကြီးမှူးကျင်းပပြီး တရုတ် ဝန်ကြီးချုပ် လီခေ့ချန်၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး နှင့် တောင်ကိုရီးယားသမ္မတ ပတ်ကွမ်ဟေး တို့သည် အစည်းအဝေးသို့ တက်ရောက်ကြသည်။

အစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာတွင် လာအိုဝန်ကြီးချုပ် သုန်လွန် က၊ အာဆီယံ၊ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းအရေးကြီးသော ပူးပေါင်းဆောင်ရွက်မှုစနစ် ဖြစ်လာပြီဖြစ်ကြောင်း၊ ၁၉၉၇-ခုနှစ်က ၄င်းစနစ်ကို ထားရှိပြီးနောက် ဒေသ တွင်း တည်ငြိမ်မှုနှင့် စည်ပင်သာယာမှုအတွက်ရော၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးအတွက်ပါ အကျိုးပြုစွမ်းဆောင်ခဲ့ကြောင်း ပြောကြားသည်။

လာအိုဝန်ကြီးချုပ် သုန်လွန် က၊ အာဆီယံ၊ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား ထိပ်သီး ခေါင်းဆောင်များအစည်းအဝေးသည် အာဆီယံအဖွဲ့ဝင်၁၀နိုင်ငံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား အကြား ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တစ်ဆင့်တက်ခိုင်မြဲနက်ရှိုင်းစေရန် အခွင့်ကောင်း ဖန်တီး ပေးကြောင်း၊ အစည်းအဝေးသို့ တက်ရောက်သော ထိပ်သီးခေါင်းဆောင်များသည် ၂၀၁၇-ခုနှစ်တွင် အာဆီယံ၊ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေးစနစ်ထားရှိသည့် နှစ်၂၀ပြည့် နှင့်ပတ်သက်၍ အထိမ်းအမှတ်လှုပ်ရှားမှုများ ပြုလုပ်ရေးကိစ္စများကိုလည်း ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ အာဆီယံ၊ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားအကြား ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုနှင့် အကျိုး သက်ရောက်မှုဖြင့် ယခုအကြိမ်အစည်းအဝေးတွင် အောင်မြင်မှုများ ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။